ညောင်လေးပင် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းကုသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံးဝန်းတွင် အခမဲ့ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုများကို လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်(နေပြည်တော်)အစီအစဥ်ဖြင့် ဘေးမခရောဂါရှာဖွေရေးစင်တာမှတာဝန်ရှိသူများနှင့် မြို့နယ်လူမှုဖူလုံရေးရုံးခွဲတာဝန်ခံ ဦးစီးအရာရှိဒေါ်ညိုညိုသန်းနှင့်ဝန်ထမ်းများမှပူးပေါင်း၍ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများရှိ ညောင်လေးပင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အခမဲ့ ECG စစ်ဆေးပေးခြင်း၊ ဓါတ်ခွဲစမ်းသပ်ပေးခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးပေးခြင်းများကို ပြုလုပ်ပေးပြီး လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)