ဖျာပုံမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိ
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါမှထသောနေ့၊ ပဝါရဏာပြုကြသောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာ ပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသည့် ဂုဏ်ထူးဝိသေသထူးခြားသောနေ့ဖြစ်ခြင်းကြောင့် ဖျာပုံမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။