ဟင်္သာတ အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးခြင်းနှင့် စီမံကိန်းဝင်ဆောင်းသီးနှံ (နေကြာ) သီးသန့်စိုက်ပျိုးခြင်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် စိုက်တိုးမြှင့်အဖွဲ့တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများထံ စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ် စိုက်တိုးမြင့်အဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများစုစုပေါင်း ၂၀၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)