ပခုက္ကူမြို့၌ မြန်မာ့ရိုးရာသီတင်းကျွတ်မီးပုံးများ အရောင်းအဝယ်သွက်လျက်ရှိ
Oct 15,2024
မြန်မာသက္ကရာဇ် ၁၃၈၆ခု သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်ရှိလာမည်ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိနေအိမ်အများစုမှာ သီတင်းကျွတ်ကာလတွင် ရောင်စုံမီးပုံးများကိုအလှဆင်ချိတ်ဆွဲကာ ဆီမီးထွန်းပူဇော်ကြသလို ကလေးငယ်များအနေဖြင့်လည်း မီးပုံးလက်တွန်းလှည်းကလေးများဖြင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် မီးပုံးပြုလုပ်ရောင်းချသူများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။