Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ် တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်
Oct 19,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဈေသာကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ပ/လက်ခုပ်ပင်ကျေးရွာ၊ တမာပင်ရပ်ကွက်နှင့်ကန်ကြီးရပ်ကွက်တို့ရှိ တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၌ မိုခါလူသားချင်းစာနာမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့ပေးအပ်
Oct 19,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာရှိ ရပ်ရွာလူထုအတွက် လူသားချင်းစာနာမှုအစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများနှင့် ငွေသားများထောက်ပံ့ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ မိနစ် ၃၀အချိန်က နွယ်တမယ်ကျေးရွာရှိ ဘုရားတန်ဆောင်းအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့၌ ဌာနဆိုင်ရာများ ဈေးသူ ဈေးသားများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Oct 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ဒုတိယအကြိမ်မြောက် ဌာနဆိုင်ရာများ၊ ဈေးသူ ဈေးသားများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က စကုမြို့ ပုညရှင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်အောင်ပွဲအထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ
Oct 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကျွန်းကျောင်းတိုက်၌ အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်အောင်ပွဲအထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆီမီး ၉၉၀၀ ထွန်းညှိပူဇော်ပွဲ၌ ဒေသခံနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ပြုပါဝင်ဆင်နွှဲ
Oct 19,2024
သီတင်းလပြည့်ကျော် ၁ ရက် ယနေ့ညပိုင်းတွင် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဆီမီး ၉၉၀၀ ထွန်းညှိပူဇော်ပွဲကျင်းပရာ စေတီတော်ရင်ပြင်၌ စည်ကားလျက်ရှိပြီး ဆီမီးပူဇော်ပွဲတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ပျော်ရွှင်စွာ ကုသိုလ်ပြုပါဝင်ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်၌ နေ့စဉ်ပြည်သူ (၃) သိန်းကျော် ပါဝင်ဆင်နွဲ
Oct 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ကျင်းပလျက်ရှိရာ နေ့စဉ်ပြည်သူ (၃) သိန်းကျော် လာရောက်ပါဝင်ဆင်နွဲပြီး လေ့လာဝယ်ယူကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၁၀၄) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရာက်
Oct 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ (၁၀၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီတွင် ပျဉ်းမနားမြို့နယ်၊ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ စံကျောင်းတော် တပ်တွင်းဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်
Oct 19,2024
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2429
Page
2430
Page
2431
Page
2432
Current page
2433
Page
2434
Page
2435
Page
2436
Page
2437
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department