ကျိုင်းလပ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပန်ပဲကျေးရွာရှိ စာကြည့်တိုက်ဆောက်လုပ်မည့်နေရာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးလင်းလင်းအောင်၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်နှင့် ကော်မတီဝင်များ၊ ပန်ပဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ချစ်ထွေးတို့က သတ်မှတ်နေရာများတွင် ပန္နက်များရိုက်၍ အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာစာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ကျပ်သိန်း(၁၅၀)ဖြင့် စာကြည့်တိုက်တည်ဆောက်ခြင်း၊ စာအုပ်စာစောင်များဝယ်ယူခြင်း၊ ပရိဘောဂပစ္စည်းများ ဝယ်ယူခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အလျား ၂၀ ပေ၊ အနံ ၁၅ ပေ၊ ဝရံတာ ၄ ပေရှိ (RC)တစ်ထပ် အမျိုးအစားဖြစ်ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)