သတင်းများ

ဒေးဒရဲမြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် (၂၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်စဉ်မပြတ်ကျင်းပလျက်ရှိသည့် (၂၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီအပူဇော်ခံပွဲအား ယမန်နေ့ညနေ (၃) နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အဖွဲ့အစည်းများက မိမိတို့မဲကျသည့် ဘုရားများအား ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရိဝုဏ်စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သီးတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား
Oct 18,2024
သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။
သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့တွင် သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူ၊ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား
Oct 18,2024
ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ဆရာတော်၊သံဃာတော်များသည် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူခဲ့ကြသည်။
ဖြူးမြို့နယ်၊ မင်းလမ်း (မြန်မာ) ကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Oct 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်း (မြန်မာ) ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ (၇၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ဝါကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ်အတွင်း ဝါတွင်းသုံးလ အရုဏ်ဆွမ်းလောင်းလှူမှု အောင်ပွဲအနေဖြင့် ဝါကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယနေ့နေ့လယ်ပိုင်းက (၂) ဖြတ်လမ်းရှိ ရပ်တော်မူ မြတ်စွာဘုရားကြီးစုရပ်မှ စတင်ကျင်းပခဲ့သည်။
ကယားပြည်နယ် ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 18,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ညက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော် ကျင်းပ
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ တာဝတိံသာမြတ်စွာ ဘုရားကြီး (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့  နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် (၇၇) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 18,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၇) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။