ဘိုကလေးမြို့နယ်၏ သီတင်းကျွတ်ပွဲတော်ရက် ညပိုင်းများ၌ ဘုရားဖူးများဖြင့် စည်ကားသိုက်မြိုက်
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သီတင်းကျွတ်ပွဲတော်ရက်မတိုင်ခင်ကပင် ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးအရောင်းပွဲတော်များ၊ ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပလျက်ရှိရာ ယခုအချိန် သီတင်းကျွတ်ပွဲတော်ရက် ညပိုင်းများ၌ ဘုရားဖူးလာပြည်သူများ၊ ဈေးအရောင်းပွဲတော်သို့ လာရောက်ကြသူများ၊ ပျော်ပွဲ၊ ရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲကြသူများဖြင့် လွန်စွာ စည်ကားသိုက်မြိုက်လျက်ရှိသည်။