သတင်းများ

မအူပင်မြို့တွင် (၁၁၂) ကြိမ်မြောက် တာဝတိံသာဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၁၁၂) ကြိမ်မြောက် တာဝတိံသာဘုရားပွဲတော်ကို ယ‌မန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 19,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ၏ ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား တက်ရောက်
Oct 19,2024
ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ၏ သက်တော် (၈၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ၊ သာသနဇောတိကအုဌ်ကျောင်း (ရာပြည့်) အထိမ်းအမှတ်နှင့် ကထိန်အလှူတော်မင်္ဂလာအခမ်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၊ သာသနဇောတိကအုဌ်ကျောင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပေါင်းတည်၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား
Oct 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာ၌ ယနေ့နံနက် ၂ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မောက်မယ်မြို့နယ်၌ ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ
Oct 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယမန်နေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒကကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်
Oct 19,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။
(၁၁၇) ကြိမ်မြောက် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ လှည့်လည်ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်တွင် (၁၁၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများလှည့်လည် ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Oct 19,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ သီတင်းကျွတ်လပြည့်နေ့မှစ၍ တစ်နှစ်ပတ်လုံးတွင် ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် တစ်မြို့နယ်လျှင် (၅) ရက်ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို အလှည့်ကျ ပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့်သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။