ပေါင်းတည်၌ မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား

ပေါင်းတည် အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာ၌ ယနေ့နံနက် ၂ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိုသို့ မီးလောင်ကျွမ်းနေမှုအား နံနက် ၂ နာရီ မိနစ် ၅၀ ခန့်တွင် တာဝန်သိပြည်သူတစ်ဦးက မြို့မမီးသတ်စခန်းသို့  သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်း ဦးဆောင်၍ မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကာ နံနက် ၃ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်ကျွမ်းမှုတွင် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)