ငရုတ်ကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Oct 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပသည့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ရာ မြို့အခြေခံပညာအထက်တန်းကျောင်းရှိ Grade-2 အတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။