သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက် အများပြည်သူအပန်းဖြေနေရာများတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာဖြင့် စည်ကားနေမှုအား လိုက်လံကြည့်ရှုအားပေး
Oct 20,2024
ကချင်ပြည်နယ်အတွင်းရှိ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ်မြောက် ရှမ်းမျိုးနွယ်စုများ ဖိတ်ခေါ်ဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ နောင်ရာဖူဆယ်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် Light For All Nations Ministry မှ ဖွင့်လှစ်သော Arise New Generations October Children Camp သင်တန်းဆင်းပွဲနှင့် မြစ်ကြီးနားကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် အဆင့်မြှင့်လူနာတင်ကုတင် (၁၆)စုံ လှူဒါန်းပွဲသို့ တက်ရောက်
Oct 20,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်အတွင်းရှိ Light For All Nations Ministry မှ ဖွင့်လှစ်သော “Arise New Generations” October Children Camp သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။
စလင်းမြို့နယ်၌ စင်တင်စိုက်ပျိုးထားသည့် ခဝဲသီးများ အောင်မြင်ဖြစ်ထွန်း
Oct 20,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ကျေးလက်နေပြည်သူများ မိမိတို့၏ လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံများ၌ ခဝဲပင်များကို တိုင်ထောင်စင်တင်စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ခဝဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း
Oct 20,2024
ပြည်ထောင်စူနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာအုပ်စုများရှိ ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့ ခုတင် (၅၀၀)ဆံ့ ဆေးရုံကြီး၊ အခြေခံပညာကျောင်းများအတွက် ရုံးသုံးပစ္စည်းများ၊ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Oct 20,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း အမြဲမပြတ် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် အခြေခံပညာကျောင်း (၇) ကျောင်းအတွက် ရုံးသုံးပစ္စည်းများ၊ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများ ကြည့်ရှုအားပေး
Oct 19,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ တောင်ကလုံအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ တောင်သူဒေါ်ညိုညိုဆန်း၏ ကွင်းအမှတ် (၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂) ၌ လက်စိုက်စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေဧရာစပါး အမျိုးအစား စိုက်ဧက (၃)ဧကခွဲ မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
မြစ်သားမြို့ မြို့မအနောက်ရပ်ကွက် ပန်းလောင်မြစ်ဘေးရှိ ရေထိန်းနံရံရေတိုက်စားမှုကြောင့် ရေကာဘုရား(ခေါ်) ရှမ်းဘုရားစေတီအချို့နိမ့်ကျမှုဖြစ်ပွား
Oct 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအနောက်ရပ်ကွက် ပန်းလောင်မြစ်နံဘေးရှိ ရေကာဘုရား(ခေါ်) ရှမ်းဘုရား (၃)ဆူတွင် ရေထိန်းနံရံရေတိုက်စားမှုကြောင့် ဘုရားစေတီအချို့ နိမ့်ကျမှုကို ယနေ့နံနက် (၁၀)နာရီခွဲခန့်က နိမ့်ကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး
Oct 19,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ တောင်သူဦးသန်းဇော်ဦး၏ ကွင်းအမှတ် (၁၆၈၇) ဦးပိုင်အမှတ်(၁၁/၃) တွင် မိုးစပါး (၆) ဧကစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းမူနှင့် မင်းဒရယ်ကျေးရွာအုပ်စု တောင်သူ ဦးကျော်ဆန်းအေး၏ ကွင်းအမှတ် (၁၆၁၂) ဦးပိုင်အမှတ်(၁၁/က) တွင် မိုးစပါး (၇) ဧကစိုက်ခင်းတွင် ရေကြီးနှစ်မြုပ်မူကြောင့် ထိခိုက်မူအပေါ် သွင်းအားစုထည့်သွင်းကြဲပက်ပွဲအား ယနေ့နံနက် ၁၁ နာရီတွင် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။