သတင်းများ

ဒေသခံပြည်သူများ လယ်ယာထွက်ပစ္စည်းများနှင့် ကဏ္ဍမျိုးစုံ အသုံးပြုနိုင်ရေး သင်တောင်းမြောင်းဘောင်လမ်းအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်
Oct 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်နေတောင်သူများ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ဖြစ်ထွန်းရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူရာတွင် လွယ်ကူစွာ သယ်ယူနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေလျက် မြောင်းများနှင့် မြောင်းဘောင်များအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူများ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကဏ္ဍမျိုးစုံအသုံးပြုနိုင်ရေး သင်တောင်းလက်တံမြောင်းဘောင်လမ်းအား ပြန်လည်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
Oct 21,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်
Oct 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၉၉ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး၍ (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲကျင်းပ
Oct 21,2024
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူးကျင်းပသော (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ဘိုက‌လေးမြို့နယ် တာဝတိံသာစေတီတော်သစ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် (၁၃)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲ ကျင်းပ
Oct 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာစေတီတော်ဝန်းအတွင်းမှ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တာဝတိံသာ စေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာ အားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ(၂၉)ရက်နေ့ နံနက်၂ နာရီခွဲခန့်က စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့သည်။
ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ
Oct 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
စလင်းရေလှောင်တမံရေပိုလွှဲမှ (၀.၃၀) ပေ ရေကျော်စီးဆင်းလျက်ရှိ
Oct 21,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုမိုးသည်းထန်စွာရွာသွန်းခဲ့မှုများနှင့် အောက်တိုဘာ(၂၀)ရက်နေ့ညဦးပိုင်း မိုးရွာသွန်းခဲ့မှုများကြောင့် တမံအတွင်းရေဝင်ရောက်မှုတိုးလာကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီ ရေအမှတ်တိုင်းထွာချက်များအရ ရေပြည့် အမှတ်ထက်(၀.၃၀)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
နောင်မွန်းမြို့နယ်၌ မိုးရာသီဖိတ်ခေါ်ဖလားအမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Oct 20,2024
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားနည်းကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓါတ်စည်းကမ်းပြည့်ဝသော အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသားအလွတ်တန်းပိုက်‌ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။