သတင်းများ

မိုင်းကိုင်မြို့နယ်၌ (၁၆) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း၊ ဝါဆိုဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ (၁၆) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း၊ ဝါဆိုဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မနက်ပိုင်းက မိုင်းကိုင်မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့၏ နာယကဆရာတော် ဘဒ္ဒန္တရေဝတ၊ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရနှင့် အကျိုးတော်ဆောင်ဆရာတော် (၉) ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်တွင် အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဥ် (၁/ ၂၀၂၅) ဆင်းပွဲအခမ်းအနား ကျင်းပ
Jul 07,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ အသက် (၃) နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စားအုန်းဆီ ပိဿာ ၁၄၃၀ ရောင်းချ
Jul 07,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ အလှည့်ကျစနစ်ဖြင့် စားအုန်းဆီရောင်းချပေးလျက်ရှိရာ ဇူလိုင် ၆ ရက်က စားအုန်းဆီပိဿာ ၁၄၃၀ ကို  ရောင်းချပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jul 07,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်‌ဗင်းရှင်းဗဟိုဌာန (၁) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများကို စနစ်တကျပြန်လည် အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။
ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြိူ့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development) အထိမ်းအမှတ်အဖြစ် "တို့ကမ္ဘာမြေ တိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့" ဆောင်ပုဒ်အတိုင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Jul 07,2025
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ရေနံချောင်းမြို့၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်
Jul 07,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်လ (၅) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။
မိုင်းပန်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်
Jul 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။