သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်၊ ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားနှင့် မော်လမြိုင်မြို့၊ ရွှေနတ်တောင် ရေလှောင်တမံ၊ ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး
May 29,2026
မွန်ပြည်နယ် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်း၊ ရာတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများက “‌ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအားလုံး၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၅)ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိ သတ်မှတ်ထားကြောင်း၊ ကျောင်းအပ်နှံရေးနေ့ ပြီးဆုံးသည့်နောက်ပိုင်းမှာလည်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးနှင့် အခြေခံပညာ ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အတွက် အခြေခံပညာ‌ကျောင်းများနှင့် တက္ကသိုလ်များ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာ‌ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် လူနေတိုက်ခန်းများ၌ ယမန်နေ့ နံနက်ပိုင်းတွင် ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ နွေနှမ်းများ စတင်ရိတ်သိမ်းပြီး အထွက်နှုန်းကောင်းပြီး ဈေးကောင်းရ
May 29,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် နွေနှမ်းရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။၂၀၂၆ ခုနှစ် နွေနှမ်းများမှာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းအတွက်ကောင်းမွန်သည့် ရာသီဥတု ဖြစ်ခဲ့တာကြောင့် တစ်ဧကအထွက်နှုန်း မြင့်မားခဲ့ကြောင်း၊ ဈေးကွက်ပေါက်ဈေးအရ နှမ်းဖြူဈေးမှာ တစ်တင်း ၁၁၀,၀၀၀/-ကျပ်ကျော် ပေါက်ဈေးရရှိတာကြောင့် နွေနှမ်းစိုက်တောင်သူများ အဆင်ပြေကြောင်း မြစ်သားမြို့နယ်၊ ငါးဆူကျေးရွာမှ တောင်သူ ဦးကျော်စွာက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး
May 29,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မေလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ တစ်ရက်လျင် ဆန် ၁ တင်းခွဲ ၁၂၀၀ အိတ် ကြိတ်ခွဲထုတ်လုပ်နေသည့် တန် ၆၀ ကျ“အောင်သုခ” ဆန်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ဆန်များ အဆင့်ဆင့်ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ ထုတ်ပိုးနေများနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သီတာဆွေ တီဘီရောဂါတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
May 29,2026
မွန်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေး စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါ တိုက်ဖျက်ရေးဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
May 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အစိပ်တော်ကမံကျေးရွာရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံတော်ကြီးတွင် ယနေ့နံနက် (၁၀) နာရီက‌ ကျေးလက်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
May 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။