သတင်းများ

မိုးစပါး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်းများ မြန်အောင်တွင်ဆောင် ရွက်လျက်ရှိ
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရိုက်ကျေးရွာအုပ်စု၊ ရိုက်ကျေးရွာ ကွင်းအမှတ် ၄၇၆၊ ဦးပိုင်အမှတ် ၅၅/၃ တောင်သူဦးဇော်ဝင်း၏ လယ်မြေ (၈) ဧကတွင် မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက်ကကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျောင်းကုန်းမြို့နယ်တွင်ပြုလုပ်သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဆူးပတောင်းကွင်းကျေးရွာ၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျောင်းကုန်းမြို့နယ်တွင် ပြုလုပ်သော "လင်းလက်နေခြည်"စာကြည့်တိုက်သစ်ဖွင့်ပွဲတက်ရောက်
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်ကျေးရွာ၌ ပြုလုပ်သော "လင်းလက်နေခြည်" စာကြည့်တိုက်သစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်လျက်ရှိ
Jun 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ခြင်းကို ဒုတိယနေ့ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာမြို့ ခြောက်ကောင်၌ ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ခြောက်ကောင်ကျေးရွာတွင် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 12,2025
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာ စာဖြေအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် ရဟန်း၊ သာမဏေအရှင်သူမြတ်များအား ဆုချီးမြှင့်ပူဇော်မည့် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာစေတီတော်ရင်ပြင် မဟာသန္တာဝါသဓမ္မဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀)နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းထောင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများနှင့် ငါးကန်များအတွက် ငွေနှင့် ငါးသားပေါက်များပေးအပ်
Jun 12,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများနှင့် ငါးကန်များအတွက် ငွေနှင့် ငါးသားပေါက်များ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။