အုတ်ဖိုမြို့၌ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

အုတ်ဖို မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ မေလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။

အဆိုပါပညာပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက အဖွင့်အမှာစကားပြောကြားပြီး အုတ်ဖိုမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်ဇင်ဦးက ပြည်တွင်းအခွန်များဦးစီးဌာနမှ‌ ကောက်ခံလျက်ရှိသော အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု​၏ အခွန်အကောက်ဥပဒေ၊ ကြေညာလွှာတင်သွင်းခြင်း ကိစ္စရပ်များအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေး‌နွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများ၏ သိလိုသည့်မေးမြန်းချက်များကို ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)