လွိုင်ကော် မေ ၂၈
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လုပ်ငန်းလမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကယာပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာပြည်နယ်ဥပဒေချုပ် ဦးဝင်းနိုင်က ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒုတိယဝန်ကြီးနှင့် ဒုတိယဥပဒေချုပ်တို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ပြည်နယ် ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က ဥပဒေရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများ၏ လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်ရုံးအနေဖြင့် တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရေးနှင့် ဥပဒေအသိပညာရရှိစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးကြပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများက အသီးသီးတင်ပြရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ် Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မေစု