ရွှေသောင်ယံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများမှ တစ်အိမ်တက်ဆင်း ပိုးးလောက်လန်းများလိုက်လံစစ်ဆေး

ရွှေသောင်ယံ မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂) ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းများ လိုက်လံစစ်ဆေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပိုးလောက်လန်းများ ပေါက်ပွားမှု ရှိ၊ မရှိ သုံးရေကန်၊ သောက်ရေကန်များအားစစ်ဆေးပြီး အဘိတ်ဆေးခတ်ခြင်း၊ အိမ်များပတ်ဝန်းကျင်နှင့် လမ်းများအတွင်း ရေတင်၊ ရေကျန်နေသော အုန်းမှုတ်ခွံများ၊ ကားတာယာဟောင်များအား ရှင်းလင်းဖယ်ရှားရန်နှိုးဆော်ခြင်း၊ အိမ်များရှိသုံးရေအိုး၊ သောက်ရေအိုးများ၊ ဘုရားညောင် ရေအိုးများအား ကြည့်ရှုစစ်ဆေးပြီး လောက်လန်းများတွေ့ရှိပါက ရေအားလဲလှည်သုံးစွဲရန် မှာကြားခြင်း  သုံးစွဲလျက်ရှိသော ရေကန်များ၊ စည်ပိုင်းများ၊ ပုံးများအားအကြီးအသေးပေါ် မူတည်၍ အဘိတ်ဆေးများခပ်နှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင်ရပ်ကွက်နေပြည်သူများအား ခြင်ကြောင့်ဖြစ်သောရောဂါများ မဖြစ်ပွားစေရန် အသိပညာဗဟုသုတ များ ဖြန့်ဝေပေးခြင်း လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ရပ်ကွက်အတွင်း၌ ပိုးလောက်လန်းမှ တစ်ဆင့်ဖြစ်ပွားတတ်သော ခြင်အန္တရာယ်မှ ကင်းဝေးစေရန် ကွင်းဆင်းဆောင်ရွက်ရာသို့ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး  ဒေါ်အိအိခိုင်ဦးဆောင်၍ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများရှိ ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ရပ်ကွက်အတွင်းအဖွဲ့များခွဲ၍ တစ်အိမ်တက်ဆင်းလိုက်လံပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်