သတင်းများ

ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး
May 28,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက စစ္စရံကျေးရွာအုပ်စုမှ တောင်သူ (၁၃၀)ဦးတို့၏ မိုးစပါးစိုက်ဧက (၅၇၉)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၇၃၇)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာတောင်သူ နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 28,2026
မကွေးတိုင်ဒေသကြီး၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေ‌ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ‌ တောင်သူနည်းပညာပေးခြင်းလုပ်ငန်းများကို ယမန်‌နေ့က ဘဲဆိပ်ကျေးရွာအုပ်စု ဘဲဆိပ်‌ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့၌ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ
May 28,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့၌ မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ရက်(၁၀၀) အားကစားလှုပ်ရှားမှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရက်(၁၀၀) အားကစားလှုပ်ရှားမှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ပေါင်းတည်၌ စားသုံးသူရေးရာဆိုင်ရာ အသိပေးထုတ်ပြန်ချက်များအား ထပ်ဆင့်အသိပေးဆွေးနွေး
May 28,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမတွင် စားသုံးသူရေးရာဆိုင်ရာ အသိပေးထုတ်ပြန်ချက် များအား ထပ်ဆင့်အသိပေးဟောပြောဆွေးနွေးကြသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ထရန်စဖော်မာ အသစ်များနှင့် ၁၁ ကေဗွီကောင်းကင်လိုင်း (၁၀၁၀)ပေ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အများပြည်သူများ ဓာတ်အားပြည့်၀ရရှိသုံးစွဲနိုင်ရေးအတွက်  ရပ်ကွက်များအတွင်း ထရန်စဖော်မာအသစ်များနှင့် ၁၁ကေဗွီကောင်းကင်လိုင်း (၁၀၁၀) ပေ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ယမန်နေ့နံနက် (၉​)နာရီတွင် ကျင်းပပြုလုပ်သည်။