တမူးမြို့၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်ရှိနေသော ကျောင်းသား/ကျောင်းသူများအား Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာများ ထုတ်ပေး

တမူး မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်ရှိနေသော ကျောင်းသား/ကျောင်းသူများအား Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာများအား မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများ ထုတ်ပေး‌နေမှုများအား မေလ (၂၆)ရက်နေ့ နံနက် (၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်‌ကျော်မိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှု့အား‌‌ပေးခဲ့ပြီးလုပ်ငန်းများ အဆင်‌‌ပြေလွယ်ကူစွာ‌ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့သည်။

Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာများ ထုတ်ပေးရာတွင် ၂၀၂၁ - ၂၀၂၂  ပညာသင်နှစ်မှ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade.2 မှ Grade.5)နှင့် အလယ်တန်းဆင့် (Grade.6 မှ Grade 9) ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လျှောက်လွှာများထုတ်ပေးလျက်ရှိပြီး မေလ (၂၆)‌ရက်နေ့အထိ လျှောက်လွှာ (၁၈၀)ကျော် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြေဆိုရန်ကျန်ရှိမှု မရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ အသံချဲ့စက်များဖြင့် နှိုးဆော်အသိပေးလျက်ရှိကြောင်း သိရသည်။

ရတနာ