နမ္မတူတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်
Nov 29,2021
Women’s LEAD အဖွဲ့မှ ဦးဆောင်၍ နမ္မတူမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက် ဆိုင်ရာ အသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုင်ဂျာကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။