ငါန်းဇွန်မြို့နယ်၌ (၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ငါန်းဇွန်   နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာ ရွှေဂူကျောင်းတိုက်၌ ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ (၁၆)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပကြောင်း သိရသည်။

အဆိုပါ (၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ရေစက်ချမင်္ဂလာ အခမ်းအနားတွင် တက်ရောက်လာသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများသည် ရွှေဂူကျောင်းတိုက်ဆရာတော်ထံ သီလခံယူဆောက်တည်ကြပြီး သံဃာ တော်အရှင် သူမြတ်များထံမှ ပရိတ်တရားတော်နာယူကြည်ညိုကြသည်။ ထို့နောက် သံဃာ တော်အရှင်သူမြတ်(၁၆)ပါးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော် ကြပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)