ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေး

ကျောက်ပန်းတောင်း   နိုဝင်ဘာ   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် ဦးတည်အုပ်စုများကို ဆေးထိုးအဖွဲ့ ၁၀ ဖြင့်‌ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ၊ နိုဝင်ဘာ(၂၉)ရက်နေ့အထိ ပထမ အကြိမ် ထိုးနှံပြီးစီးသူ(၇၅၅၁၇)ဦးရှိ၍ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၅၅၉၇၃)ဦး ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ရပ်တန့်ကျဆင်းစေရေးနှင့် ကူးစက်ပြန့်နှံ့မှု မရှိစေရေးတို့အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ဆေးထိုးစုရပ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ (၂၉-၁၁-၂၀၂၁)ရက်နေ့အထိ အသက်(၁၈)နှစ်အထက် ဆေးထိုးရန် အကျုံးဝင်လျာထားဦးရေ (၂၀၆၅၉၀)ဦး အနက်မှ ပထမအကြိမ် ဆေးထိုးနှံပြီးသူ (၇၅၅၁၇)ဦး ရှိပြီး၊ ဒုတိယအကြိမ် ဆေးထိုးနှံပြီးသူ(၅၅၉၇၃)ဦး ရှိ ကြောင်း သိရပြီး၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ လျာထား(၆၉၉၃)ဦးအနက်မှ ပထမအကြိမ် ထိုးနှံသူ (၄၄၉၄)ဦးရှိပြီး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ(၄၂၁၂)ဦး ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများ ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး၊ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)