ချောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချောက် နိုဝင်ဘာ  ၂၉

မ​ကွေးတိုင်း​ဒေသကြီး​၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူး ရုံးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးလွင်က အ​ခြေခံမဲဆန္ဒရှင် လူဦး​ရေစာရင်း ပြည့်စုံမှန်ကန်​ရေး၊ မြို့နယ်လူဦး​ရေစာရင်းများအား လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးများနှင့်​ ပေါင်းစပ်ညှိနှိုင်း၍ အိမ်​ထောင်စုဇယားပုံစံ (၆၆/၆)များ ရယူတိုက်ဆိုင်စစ်​ဆေးခြင်း၊ ရပ်ကွက် (သို့မဟုတ်) ​ကျေးရွာအုပ်စုအလိုက် အိမ်​ထောင်စုလူဦး​ရေစာရင်းများရယူ၍ တိုက်ဆိုင်စစ်​ဆေးခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အသက် ပြည့်မီလာမည့် မဲဆန္ဒရှင်စာရင်းများအား ထပ်မံဖြည့်သွင်းခြင်း လုပ်ငန်းများကို သတ်မှတ်ရက်အပြီး ဆောင်ရွက်နိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာများမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ဆွေး​နွေးပြောကြားခဲ့သည်။

ယင်း​နောက် ​ချောက်မြို့နယ်​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ​ ဒေါ်ငြိမ်းငြိမ်း​အေးမှ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်း​ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်​လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အမံတို့ကို ရှင်းလင်း​ပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပါဝင်ပူး​ပေါင်း​ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့အား အပြန် အလှန် ဆွေး​နွေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)