သတင်းများ

သုံးခွမြို့နယ်သမဝါယမအသင်းစု၌ စားအုန်းဆီများအား ဈေးနှုန်းချိုသာသွာဖြင့် ရောင်းချပေး
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ယနေ့ နံနက် ၈နာရီခွဲ အချိန်က စားအုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
မင်းလှမြို့နယ်တွင် မင်းလှ-ရွာတော် ကျေးလက်လမ်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း‌ ကျောက်စီ မြေထိန်းတမံ တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Nov 29,2021
မကွေးတိုင်းဒေသကြီး၊‌ ဒေသ-၄ ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် မင်းလှ-ရွာတော် ကျေးလက်လမ်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံ တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် သံပုယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါးအပြင် ကိုင်း၊ ကျွန်းမြေများနှင့် ယာမြေအချို့တွင် နေ့စဉ်ဝင်ငွေရရှိမည့် ကာလတို ဟင်းသီးဟင်းရွက် အပင်များနှင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး ဥယျာဉ်ကျေးရွာမှ သံပုယိုစိုက်ပျိုးသူများ အသီး သီးနှုန်းကောင်းပြီး သံပုယိုသီးဈေး အရာင်းအဝယ်သွက်လာသောကြောင့် အဆင်ပြေလျက်ရှိကြောင်း သံပုယိုခြံ စိုက်ပျိုးသူတစ်ဦး ထံမှ သိရှိရသည်။
“၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သက်တော် (၁၀၁) နှစ်ရှိမင်းလှမြို့ မဟာစည်သာသနာ့ရိပ်သာဆရာ တော်ဘုရားကြီး၏ အန္တိမဈာပန ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Nov 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မဟာစည်သာ သနာ့ရိပ်သာ ကျောင်းတိုက်၏ ဦးစီပဓာန နာယကသက်တော် (၁၀၁) နှစ်ရှိ သက်တော်ရှည် မဟာစည် သာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီးသည် ဘဝနတ်ထံ ပျံလွန်တော်မှုသွားသဖြင့် အန္တိမဈာပန အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အဆိုပါ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများ တက်ရောက်ချီးမြှင့်
Nov 29,2021
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်းဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစား၌ ကျင်းပသည်။
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဆွေးနွေးပွဲကျင်းပ
Nov 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၏ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Nov 29,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မန္တလေး-မြို့သာစက်မှုဉယျာဉ်မြို့တော် MIDCC ရုံးခန်း၌ စက်မှုဇုံအတွင်းရှိ ကျေးရွာအုပ်စုများမှ ပြည်သူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။