ကန့်ဘလူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်
Nov 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ထရန်စဖော်မာများ အသစ်တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ တိုးချဲ့တည်ဆောက်ခြင်း၊ ကွန်ကရစ်မီးတိုင်များ၊ သံလက်တန်းများ၊ ဓာတ်ကြိုးများ အစားထိုးလဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။