ကမမောင်း နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်၍အသံချဲ့စက်ဖြင့် မြန်မာဘာသာနှင့်စကောကရင်ဘာသာများဖြင့် လိုက်လံနိူးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ကမမောင်းမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက်ပိုင်းက ပြည်သူများထံ အသိပေး နှိုးဆော်ကြေညာခဲ့သည်။
ထိုသို့ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆာင်ရွက်လျက်ရှိရာ ကမမောင်း မြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များနှင့် အညီ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့်မျက်နှာကာ(Face Shield)ကိုစနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်း မပြုလုပ်ရန်၊ လက်ကို ဆေးကြောခြင်းမပြုမှီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ် ရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ် တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်းအဝတ်အစား မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုးရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက်မကောင်းသော အလုံပိတ် အခန်းများတွင်နေထိုင်ခြင်းကို ရှောင်ကြဉ်ရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများ ဖွင့်ပြီးလေဝင်လေထွက်ရှိအောင်ဆောင်ရွက်ရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ လာရောက်ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် စသည်ဖြင့် လိုက်လံနှိုးဆော် ခဲ့ကြကြောင်းသိရသည်။
ကမမောင်းမြို့(ပြန်/ဆက်)