သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၁၈၉၅  ဦး တို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

သာစည် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၁၈၉၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီက ဒုတိယ အကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ် ၅ ရပ်တို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ် အသီးသီး၌ ဆေးထိုးနှံရေးအဖွဲ့များက ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စျေးရောင်းချသူ များနှင့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုး အစား ဒုတိယအကြိမ်အဖြစ်  ကျွဲတပ်ကျေးရွာ ဆေးထိုးစုရပ်တွင် ၃၃၀ ဦး၊ ကုန်းပေါ်ကျေးရွာ ဆေးထိုးစုရပ် တွင် ၁၈၅ ဦး၊ သဲပွေ့ကျေးရွာဆေးထိုးစုရပ်တွင် ၁၄၀ ဦး၊ ဆင်တောင်ကျေးရွာ ဆေးထိုးစုရပ်တွင် ၈၁၀ ဦး၊ မြင်းဒိုက်ကျေးရွာ ဆေးထိုးစုရပ်တွင် ၄၃၀ ဦးတို့အား  ကာကွယ်ဆေး ထိုးနှံပေးခဲ့‌သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

မြို့နယ် ပြန်/ဆက်