သတင်းများ

လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကြက်ခြေနီအသင်း၏ ဂုဏ်ပြုပွဲနှင့် သင်တန်းဆင်းပွဲ အခမ်း အနားကျင်းပ
Nov 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လှိုင်မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့၏ ဂုဏ်ပြုပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် လူဦးရေ(၃၅)ဦးခန့် တက်ရောက်ပြီး အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် တောင်နောက်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်
Nov 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက တောင်နောက်ကျေးရွာသို့ကွင်းဆင်းပြီး အသိပညာပေးခြင်းများ နှိုးဆော်ခဲ့ ကြောင်း သိရသည်။
GMS-Business Council ၏ “2 nd 2021 Board of Directors’ Meeting” ကျင်းပ
Nov 30,2021
မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion-GMS) စီးပွားရေးကောင်စီ၏ “2nd 2021 Board of Directors’ Meeting” အား နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ၊ ဗဟိုအလုပ်အမှု ဆောင်   ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့်အသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်
Nov 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ယနေ့ နံနက် ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၂)ရပ်ကွက်၌ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူ့ထံအရောက်ပေးအပ်
Nov 30,2021
ရန်ကုန်တိုင်းဒေသကြီး‌‌၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ် (၁၂)ရပ်ကွက်ရှိ ပြည်သူများ အား နိုဝင်ဘာလ။ (၂၉)ရက်နေ့၊ နံနက်ပိုင်းက "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်သူ့ထံအရောက် ပြုလုပ်ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်
Nov 30,2021
 မိတ္ထီလာမြို့တွင် ယနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်း ဖွင့်လှစ်
Nov 30,2021
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင်  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) ကို ယနေ့ နံနက်(၉)နာရီက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်
Nov 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေး အလုံးရေ ၂၄၅၄ ကို တပ်မတော်လေယာဉ် ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီက ရောက်ရှိသည်။