သတင်းများ

ငဖဲမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာ​ရေးများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 30,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာ​ရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယခရို်ငဦးစီးမှူးဦးဗိုလ်မြင့် ဦးစီး၍ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ မြောက်ရွာရပ်ကွက်နှင့် ကရပ်ပြင် မြောက်ရပ် ကွက်များ၌ ယမန်နေ့မှ ယနေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆ /၂၀၂၁)အစည်းအဝေး သို့ တက်ရောက်
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆ /၂၀၂၁)အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အမ်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်း ဖွင့်လှစ်
Nov 30,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် (၉)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းကောင်းများ အသိပညာပေးနှိုးဆော်
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ ညနေ(၃)နာရီအချိန်က  ပလောက်မြို့ ရပ်ကွက်များ၌ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်(၁၁/၂၀၂၁)လအတွက်အငြိမ်းစား(၂၁၅)ဦးကို ပင်စင်လစာပုံမှန်ထုတ်ပေး
Nov 30,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွက် ပင်စင်ထုတ်ယူမည့်အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၈)ဦးရှိသည့် အနက် ယနေ့အထိ အငြိမ်းစားဝန်ထမ်း(၂၁၅)ဦးအတွက် ပင်စင်လစာငွေကျပ် (၅၂၇၀၂၆၅၈/ ၇၇)တိတိကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့ စီးပွါးရေးဘဏ်မှသိရသည်။    တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအနေဖြင့် လဆန်း(၁) ရက်မှစ၍ လစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များ၌ပင်စင်လစာငွေထုတ်ယူခွင့်ရှိသော်လည်း လစဉ်(၂၁)ရက်မှသာ လာရောက်ထုတ်ယူသူ ပိုများသည်ဟု သိရသည်။