ငဖဲမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငဖဲ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်သိန်းလှိုင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူးဦးစိုးနိုင် မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ (၅)နှစ်ဒေသန္တရစီမံကိန်းရည်မှန်းရန် အဆိုပြုချက် များရေးဆွဲထားရှိမှု အခြေအနေများ အားရှင်းလင်းဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ (၅)နှစ်ဒေသန္တရစီမံကိန်းရည်မှန်းရန်အဆိုပြုချက်များ ရေးဆွဲထားရှိမှု အခြေ အနေများကို ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်သိန်းလှိုင် က ပြန်လည်၍ ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မယု (ငဖဲ)