ထားဝယ်မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ထားဝယ်     နိုဝင်ဘာ    ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယခရို်ငဦးစီးမှူးဦးဗိုလ်မြင့် ဦးစီး၍ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု လူဦးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ မြောက်ရွာရပ်ကွက်နှင့် ကရပ်ပြင် မြောက်ရပ် ကွက်များ၌ ယမန်နေ့မှ ယနေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယခရိုင် ဦးစီးမှူးဦးဗိုလ်မြင့်နှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိသော ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်များကို ရပ်ကွက်နေပြည်သူများအားအခမဲ့ဖြန့်ဝေ ပေး ခဲ့သည်။

ဆက်လက်၍ဆောင်ရွက်ပြီးစီးခဲ့သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား(၃)က ၄၇ ခု ၊ ၆(က)၉ ခု၊ လဲလှယ် ၄၁ ခု ၊ မိတ္တူ ၁၃ ခု ရပ်ကွက်နေပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)