ထန်းတပင် နိုဝင်ဘာလ ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ထေရဝါဒဗုဒ္ဓသာသနာတော်ဆိုင်ရာ လုပ်ငန်းများကို သံဃာတော် အရှင်သူမြတ်များ ဆောင်ရွက်ရာတွင် မပင်မပန်းငြိမ်းချမ်းစွာ သီတင်းသုံးတော်မူလျက် သာသနာ့အကျိုး သယ်ပိုး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမာန်တော် ကြီးကို အမှတ်(၁)ရပ်ကွက်၊ မြို့ကျက်သရေ ဆောင် တ၀ရွှေဂူကြီးဘုရား အာရုံခံတန်ဆောင်းရှေ့တွင် ဆောက်လုပ်လျက်ရှိရာ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန် တော်ကြီးတည်ဆောက်နိုင်ရေးအတွက် အလှူငွေပေးအပ် လှူဒါန်း ခြင်း မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများကြီးမှူး၍ မြို့ကျက်သရေဆောင် တ၀ရွှေဂူကြီးဘုရား အာရုံခံ တန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ပေးအပ်လှူဒါန်းရာတွင်လည်း ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်း (၂၂၁)ကျောင်းတို့မှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၂၀၀)ကို မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ သီတလာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သီလာစာရနှင့် မြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော်များ ရှေ့မှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းမှ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် တော်ကြီးတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးဝင်းထံသို့ ပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးကို (၂၀၁၉)ခုနှစ်၊ ဧပြီလနောက်ဆုံး အပတ်မှ စတင်၍ အလျား(၁၁ဝ)ပေ၊ အနံ(၆၀)ပေ၊ အမြင့်(၂၆)ပေရှိ Steel Structure နှစ်ထပ် အဆောက် အဦးကို တည်ဆောက် နေခြင်းဖြစ်ပြီး ယနေ့အထိတည်ဆောက်ပြီးစီးမှုများအနေဖြင့် လေးဆယ်ရာခိုင် နှုန်းအထိပြီးစီးနေပြီဖြစ်သလို ပါဝင်လှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့်လည်း မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သီလာစာရ (၀၉၆၉၈၈၂၀၉၆၉)၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးဝင်း (ဝ၉၇၈၉၄၇၁၇၀၆)၊ ဒုဥက္ကဋ္ဌဦးကြည်လွင် (၀၉၄၂ဝဝဝဝ၂၃၅)၊ အတွင်းရေးမှူး ဦးအောင်ကျော် (ဝ၉၇၅၅၆၁၉၅၅၄)နှင့် ဘဏ္ဍရေးမှူး (၁) ဦးအောင်လွင် (ဝ၉၅ဝ၃၆၉၂၅) တို့ထံ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်