ဖြူးမြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်
Dec 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အမျိုးသမီးငယ်များ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ တတ်မြောက်ပြီး မိသားစုဝင်ငွေရရှိစေရေးအတွက်ရည်ရွယ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၊ ကွပ်ကဲမှုေအာက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဖြူး)၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီ တွင် အဆိုပါ သင်တန်းကျောင်း ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။