တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆ /၂၀၂၁)အစည်းအဝေး သို့ တက်ရောက်

ထားဝယ်       နိုဝင်ဘာ     ၃၀

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆ /၂၀၂၁)အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှု ကော်မတီများအနေဖြင့်ရင်းနှီးမြှပ်နှံမှု နေရာတွင် အမှန်တကယ် လုပ်ကိုင်ချင်စိတ်ရှိသူများကို အားပေးပြီးကူညီဆောင်ရွက်ပေးသင့်သည်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ခရီးသွားလုပ်ငန်းများကိုအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။

ထိုနောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Beach Hotel Co., Ltd. ကကွင်းအမှတ်(၂၁၇ တီဇစ်)၊ မြေတိုင်းအမှတ်(N-၅၈-၉၁)၊တီဇစ်၊ လောင်းလုံ မြို့နယ်တွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြ လာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြု မိန့်ရရှိထားသော Dawei Development Public Co.,Ltd က ကွင်းအမှတ် (၁၆၉-A) ၊ မောင်းမကန် (A) မောင်းမကန်ကျေးရွာ၊ လောင်းလုံမြို့နယ်တွင်ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် တည်ဆောက်ရေးကာလကုန်ဆုံးပြီး ဖြစ်၍စီးပွားဖြစ်စတင် လည်ပတ်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ စီးပွားဖြစ် စတင်ခွင့်ပြုပါရန်တင်ပြလာခြင်း နှင့်စပ်လျဉ်း၍လည်ကောင်း ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)