သတင်းများ

ဟင်္သာတမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာ ခန်းမနှင့် သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ကျေးလက်ပြည်သူများ လိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Nov 30,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များအား ကျေးလက်ပြည်သူ များလိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံရေးအသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က ဆေးပုလဲကုန်းကျေးရွာအတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဖွင့်
Nov 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေး(ဆင့်ပွား) သင်တန်း ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီက ခရိုင်မီးသတ်ရုံး၌ ကျင်းပသည်။
ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 30,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ‌ အလယ်ရွာကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၉)ဦး ထပ်မံတွေ့ရှိ
Nov 30,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင်ယ​မန်နေ့နံနက်ပိုင်းကကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မ​စျေးရှိ​​စျေးဆိုင်ရှင်များ ၊မြို့တွင်းဝင်/ ထွက်သွားလာသူများ၊ပိုး​တွေ့လူနာများ၏မိသားစုဝင်များ၊Contactထိ​တွေ့သူများစုစု​ပေါင်း လူဦးရေ(၈၂)ဦး အားRDTtest kitဖြင့်စစ်​ဆေးရာကိုဗစ်-၁၉​​ရောဂါပိုး(၉)ဦး တွေ့ရှိခဲ့​ကြောင်း သိရသည်။
နမ္မတူတွင် ပံ့ပိုးကူညီသော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 30,2021
Women’s LEAD အဖွဲ့မှဦးဆောင်၍ နမ္မတူမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက် ဆိုင်ရာအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်း၍ ပံ့ပိုးကူညီ သော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Nov 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာ (၂)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း  သိရသည်။