တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်(၁၁/၂၀၂၁)လအတွက်အငြိမ်းစား(၂၁၅)ဦးကို ပင်စင်လစာပုံမှန်ထုတ်ပေး

တနင်္သာရီ  နိုဝင်ဘာ  ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွက် ပင်စင်ထုတ်ယူမည့်အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၈)ဦးရှိသည့် အနက် ယနေ့အထိ အငြိမ်းစားဝန်ထမ်း(၂၁၅)ဦးအတွက် ပင်စင်လစာငွေကျပ် (၅၂၇၀၂၆၅၈/ ၇၇)တိတိကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့ စီးပွါးရေးဘဏ်မှသိရသည်။    တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအနေဖြင့် လဆန်း(၁) ရက်မှစ၍ လစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များ၌ပင်စင်လစာငွေထုတ်ယူခွင့်ရှိသော်လည်း လစဉ်(၂၁)ရက်မှသာ လာရောက်ထုတ်ယူသူ ပိုများသည်ဟု သိရသည်။

အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေထုတ်ယူရန်လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း ၊တစ်ဦးနှင့်တစ်ဦး(၆)ပေကွာ၍ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကိုဦးစားပေးကူညီခြင်းတို့ ဖြင့် ပင်စင်ထုတ်ယူရာ၌ ပိုမိုအဆင်ပြေစေရေးအတွက်ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာက မေတ္တာရပ်ခံပန်ကြားထားရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း