မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာ​ရေးများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဂွ  နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာ​ရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုဝင်ဘာ ၂၃ရက်နေ့က စစ်တွေ မြို့တွင် ကျင်းပပြုလုပ်သည့်  ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြုအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့်အစိုးရ အဖွဲ့အတွင်းရေးမှူးတို့၏ လမ်းညွှန်မှာကြားချက်များအား အစည်းအဝေး တက်ရောက်လာသူများကို ပြန်လည်ထပ်ဆင့် ချပြဆွေးနွေးခဲ့ပြီး ဂွမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုထည့်သွင်း ဆွေးနွေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ပြန်လည် ဆွေးနွေးတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်