တွံတေးမြို့နယ်နေ ပြည်သူများအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများရောင်းချပေးလျက်ရှိ
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရား လမ်းမကြီးပေါ်ရှိ အ.ထ.က( ၁)ကျောင်းရှေ့နှင့် စျေးသစ် ရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေးစျေးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချ ရေး မော်တော်ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။