ပလောက် နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ ညနေ(၃)နာရီအချိန်က ပလောက်မြို့ ရပ်ကွက်များ၌ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် မြို့ ပြန်/ဆက် ဦးစီးမှူး ဒေါ်နှင်းမြူလွင်နှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် ပန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြရန် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)