မိုးနဲမြို့နယ်အတွင်း၌ မိုးသီးနှံအ‌စေ့ထုတ်ပဲပုတ်စိုက်ခင်းများ စတင်ရိတ်သိမ်း

မိုးနဲ  ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ရှမ်းတိုင်းရင်းသားအများစုသည် ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယနေ့တွင်လည်း ရှမ်းလူမျိုး အများဆုံး ကြိုက်နှစ်သက်သည့် အစားအစာ တစ်မျိုးဖြစ်သော ပဲပုတ်ချပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကပါဝင်ပစ္စည်းဖြစ်‌သော အစေ့ထုတ်ပဲပုတ်စေ့များ ဦးစိုင်းမွန်း ယာခင်းတွင် စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုးသီးနှံ အစေ့ထုတ်ပဲပုတ်စိုက်ပျိုးရာတွင် သဘာဝမြေဩဇာ နွားချေးနှင့် ဓာတ်မြေဩဇာ ကို ရောစပ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အစေ့ထုတ်အမျိုးအစားဖြစ်သော ပြောင်းသီးနှံ ရိတ်သိမ်းပြီးချိန် စက်တင်ဘာလ အစောပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလ အစောပိုင်းတွင် စတင်ရိတ်သိမ်း နိုင်ပြီဖြစ်ကြောင်း၊ သုံးလကျော်သာကြာမြင့်ကြောင်း၊ ယခုနှစ်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း အခင်းပိုင်ရှင် ဦးစိုင်းမွန်း၏ ပြောကြားချက်အရသိရသည်။

ဇင်ကိုကို