သာယာဝတီ ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စည်ပင်သာယာမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုအား ယနေ့ နေ့လယ် ၁ နာရီက သာယာဝတီမြို့နယ်မြို့မစည်ပင် သာယာဈေးနှင့်သုံးဆယ်မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ဈေးအတွင်း မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါ ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဟိုနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်