၂၀၂၁ခုနှစ် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲနှင့် အားကစား ပြိုင်ပွဲကို ယမန်နေ့နံနက်(၆)နာရီက ပြည်နယ်အားကစားကွင်းဝင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပသည်။

ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြည်နယ်အားကစားကွင်းပြေးလမ်းတွင် လေးပတ်လမ်းလျှောက်ကြပြီး စုပေါင်း ကိုယ်ကာယ သွေးပူလေ့ကျင့်ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်များက သံလုံးပစ်အားကစား ပြိုင်ပွဲကစားကြပြီး အေးသာယာအား ကာသိပ္ပံကျောင်းမှ အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)ပြေး ပြိုင်ပွဲကို ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က သေနတ်ပစ်ဖောက်တာ လွှတ်ပေးပြီး မီတာ(၁၀၀)လက်ဆင့်ကမ်း အမျိုးသားပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မီတာ (၁၀၀)အပြေးပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အမျိုးသား အားကစားသမားများကို ပြည်နယ်ဥပဒေချုပ်မှ ဆုချီးမြင့်ပေး၍ လည်းကောင်း၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သောအမျိုးသမီး၊ အမျိုးသားများကို တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့မှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ မီတာ(၄၀၀)အ​ပြေးပြိုင်ပွဲတွင် ပထမ ဒုတိယ တတိယဆုရရှိသော အမျိုးသမီး အမျိုးသားများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာသံလုံးပစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ ပြည်နယ်အဆင့် အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာခင်ခင်ထူးမှ ဆုချီးမြင့်ပေး၍လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ သံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဝန်ကြီးများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုချီးမြင့်ပေးပြီး အမှတ်တရဓါတ်ပုံရိုက်ကူး၍ အေးသာယာအားကာသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများအား လှည့်လည်နှုတ်ဆက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)