ရပ်စောက် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာပေ ဝါသနာရှင်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွား နေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင် စာဖတ် ပရိတ်သတ်များအတွက် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်၊ ရုပ်ပုံပြပုံပြင်ပြောခြင်း အစီအစဉ်၊ ကဗျာရွတ်ခြင်းအစီအစဉ်၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ခြင်း အစီအစဉ်နှင့် ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များကို Onlineမှတစ်ဆင့် နေ့စဉ်ရိုက်ကူးတင်ဆက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စာအုပ်စာစောင် ချစ် မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ကာ အသိပညာပေးတင်ဆက်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)