ကာမိုင်းမြို့ သျှမ်းနီတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ် လှူဒါန်းပွဲ ကျင်းပ

ကာမိုင်း  ဒီဇင်ဘာ  ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုမှ ဦးဆောင် ၍ သျှမ်းနှစ်(၂၁၁၅)ခုနှစ်မှ(၂၁၁၆) ခုနှစ်သို့ကူးပြောင်းမည့် နတ်တော်လဆန်း(၁) ရက်နေ့တွင် ကျရောက်သော သျှမ်းနီရိုးရာနှစ်သစ်ကူးပွဲနှင့်ကောက်ဦးဆွမ်းကပ် လှူဒါန်းပွဲအား ဒီဇင်ဘာလ (၄)ရက် နံနက် (၉)နာရီ၌ မအူပင်စုရပ်ကွက်ရှိ သျှမ်းနီဘုန်းတော်ကြီးကျောင်းနှင့် မြစိမ်းရောင်ရပ်ကွက်တို့တွင် ပထမအကြိမ်မြောက်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြတ်စွာဘုရားအားအမှူးပြု၍ ဆရာတော် သံဃတော်များအားမိမိတို့ သျှမ်းနီ တိုင်းရင်းသားများ ကလယ်စိုက်ခင်းများမှထွက်ရှိသော ကောက်ဦးဆွမ်းနှင့် သီးနှံများကို အာရုဏ်ဆွမ်း၊နံနက်ဆွမ်းအဖြစ် စုပေါင်းဆက်ကပ်ပူးဇော်လှူဒါန်းကာမန္တလေး မတ္တရာကျောင်း တိုက်မှဆရာတော် ဦးကုမာရထံမှ တရားနားယူ ပူဇော်ကြပြီး သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းကြ၍ ဖိတ်ကြားထာသူများကိုဧည့်ခံကျွေးမွေခြင်းနှင့် သျှမ်းနီတိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်းနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လူငယ်များအား လက်ဆင့် ကမ်း ထိန်းသိမ်ကြစေရန်အတွက် ပထမအကြိမ်မြောက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)