ရှမ်းရွာသစ် ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီ ရေမြောင်းအပိုင်း(၄)ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ၍ အရှည် (၇၅၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၄)ပေရှိသော ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၉၀၀၀၀၀၀/-)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း များရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ပြီး မြို့သန့်ရှင်း သာယာလှပပြီး အမြင်အားဖြင့် တင့်တယ်သွားမည်ဖြစ် ကြောင်း၊ လမ်းနှင့်တံတားလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)