လယ်ဝေး ဒီဇင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးTalk Showကို ယနေ့နေ့လယ် (၁၂) နာရီက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာပေဗိမာန်ဆုရ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ၊ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံးခံရသည့် လူတန်းစားများ၊ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိသားစုအပေါ်သက်ရောက်သည့် ဆိုးကျိုးများ၊ လိင်စိတ်ခံယူမှုကွဲပြားသည့် ကလေးများအပေါ်သက်ရောက်သည့် အိမ်တွင်းအကြမ်းဖက်မှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟု သုတများရရှိစေရန်အတွက် Onlineမှတစ်ဆင့် လစဉ်အသက်မွေးဝမ်းကြောင်း သင်တန်းများ၊ အားကစား လှုပ်ရှားမှုများ၊ စာဖတ်ဝိုင်း၊ အသိပညာပေး Talk Show၊ စာအုပ်မိတ်ဆက်အစီအစဉ်၊ အရုပ်ခေါက်ခြင်း အစီအစဉ်၊ ရွှေသွေးကာတွန်းအစီအစဉ်၊ အသိပညာဖြန့်ဝေခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)