လေးမျက်နှာ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့သရုပ်ပြခြင်းကို လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူးဦးရဲ နောင်ဝင်းဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂+၁၀)ဦးမှ မီးငြိမ်းသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်းနှင့် မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါကအရေးပေါ်မီးငြိမ်းသတ်နိုင်ရန်ပြသပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာသာရေးကော်မတီဥက္ကဋ္ဌဦးတင်ဦး၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးအောင်ဇေယျနှင့်ဝန်ထမ်းများ၊ လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့ဝင်များတတ်ရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။
ကျော်ဟိန်း