သတင်းများ

အခြေခံလူတန်းစား လက်လုပ်လက်စားများသို့ တန်ဖိုးနည်း ဇလုံထမင်းရောင်းချ
Dec 07,2021
ရပ်ကွက်ပြည်သူမိသားစုများနှင့် အခြေခံလူတန်းစားလက်လုပ်လက်စားများ အဆင်ပြေစေရေး၊ ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ရွှေအဏ္ဏဝါပရဟိတအဖွဲ့မှ တန်ဖိုးနည်းဇလုံ ထမင်းနှင့် ဟင်းလျာအား ယနေ့ နံနက်၁၀နာရီ က ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ အများပြည်သူနားနေဆောင် တွင် ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 07,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ ့နံနက် ၉ အချိန်က မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Dec 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့က လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူများအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနို်ငရေး အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီပြန်လည်ဖွင့်လှစ်
Dec 07,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အတွင်းရှိ အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ စတင်ဖွင့် လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Dec 07,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Center ခန်းမ တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်
Dec 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနိုးဆော်မှုများအား ယနေ့ နံနက်ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ဝန်ထမ်းများက ကျန်းမာရေးကဏ္ဍမှ ပေါ့ပါးပျော်ရွင်စိတ်ကြည်လင် ကျန်းမာရေးကို မြတ်နိုးကြစို့အစဉ် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 07,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးကဏ္ဍမှ ပေါ့ပါးပျော်ရွင်စိတ်ကြည်လင် ကျန်းမာရေးကို မြတ်နိုးကြစို့အစဉ် မြတ်လေးမြင့် ရေးသားသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်မှစတင်၍ ဖျာပုံမြို့ သီရိအဏ္ဏဝါ ခန်းမတွင် ဆေးထိုးစုရပ်ထားရှိ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။